ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။


တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာများနှင့် သာသနာ့ပျိုးဥယျာဥ်ကျောင်းတိုက်ကြီး၏ မူလပဓါန နာယက အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး အသျှင်စန္ဒိမာ ဟောကြားတော်မူသော " လူနာအားပေး တရားဆေး ၅"


တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာများ နှင့် သာသနာ့ ပျိုးဥယျာဉ်ကျောင်းတိုက်ကြီး၏ မူလ ဦးစီး ပဓာန နာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံ ဆရာတော်ဘုရားကြီး၏ ဥပနိဿယဖြင့် တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာများ၏ မဟာနာယကဆရာတော်ဖြစ်သော အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) မှ ကြီးမှူး၍ ယောဂီသစ်များအတွက် ဣန္ဒြေ တည်ဆောက်မှု မှန်စေရန် နှင့် ရှုရှိုက်မှု နည်းစနစ် မှန်စေရန် အာနာပါန အခြေခံ ၅-မိနစ်၊ ၁၀-မိနစ်၊ ၁၅-မိနစ်၊ နာရီဝက်မှသည် ၁-နာရီ၊ ၁-နာရီခွဲ၊ ၂-နာရီ အထိ အဆင့်ဆင့်ရှုမှတ်နည်းကို နည်းစနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။ (#လူဦးရေကန့်သတ်ထားပါသည်) သို့ပါ၍ တရားကျင့်ကြံ အားထုတ်လိုသော ယောဂီ များ အနေဖြင့် အောက်ပါ ဖုန်း နံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

🇸🇬 𝑺𝒊𝒏𝒈𝒂𝒑𝒐𝒓𝒆 ☎️+65 9736 4353 ☎️+65 8341 9194
🇲🇾 𝑴𝒂𝒍𝒂𝒚𝒔𝒊𝒂 ☎️+60 12345 8301
📅 18 April to 20 April 2025
🏠 1, North Bridge Road, #02-05 High Street Centre, S179094, Singapore
📢 MSH သာသနာပြုအဖွဲ့


157 ကြည့်ရှုသူ

(13.4.2025)မှ (17.4.2025)အထိ မကွေးတိုင်းဒေသကြီး၊အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ အောင်လံဌာနချုပ် အဖွဲ့ခွဲ(၁)မှ ကျင်းပပြုလုပ်နေသော အခြေခံအာနာပါန Level (1) လေ့ကျင့်ရေး (၅)ရက် တရားစခန်းပွဲမှတ်တမ်းဓာတ်ပုံများ


166 ကြည့်ရှုသူ