
ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။

(၁၀)ရက်အဓိဋ္ဌာန် အထူးတရားစခန်း တရားစခန်းသိမ်း အောင်ပွဲမှတ်တမ်း
သာသနာတော်နှစ် ၂၅၆၈-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၆-ခုနှစ်တပို့တွဲလပြည့်ကျော် (၁၃)ရက်နေ့ခရစ်နှစ်- (၂၅.၂.၂၀၂၅) အင်္ဂါနေ့ တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်ကလွင်ရပ်ကွက်၊ ရှားတောဝကျေးရွာ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌
(15.2.2025) မှ (26.2.2025) အထိ ကျင်းပပြုလုပ်ခဲ့သော အခြေခံ အာနာပါန level -2 လေ့ကျင့်စစ်ဆေးပြီးသော ယောဂီများအတွက် (၁၀)ရက်အဓိဋ္ဌာန် အထူးတရားစခန်း တရားစခန်းသိမ်း အောင်ပွဲမှတ်တမ်း