ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။


🇲🇾 Malaysia နိုင်ငံ၊ Kuala Lumpur တွင် ပထမဆုံးအကြိမ်ကျင်းပမည့်

🌺 ယောဂီသစ် များအတွက် အခြေခံ အာနာပါန ကျင့်စဥ် (၂) ရက်တာ အချိန်ပြည့်တရားစခန်း

🙏ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏ လမ်းညွှန်မှုဖြင့် မဟာနာယက ဆရာတော် 🙏အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) မှ ဦးစီး၍

တိုက်ခွဲ အမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြု အဖွဲ့မှ စီစဥ်ကျင်းပမည့်

🍀Level 1 A (30 min) ယောဂီသစ် များအတွက် အခြေခံ အာနာပါန ကျင့်စဥ် (၂) ရက် အဓိဋ္ဌာန် အချိန်ပြည့် တရားစခန်းဖြစ်ပါသည်။

📆 နေ့ရက် - (30.8.2025) to (31.8.2025)

🏡 နေရာ - Near Meru Kelang, Kuala Lumpur, Malaysia
(လူဦးရေကန့်သတ်ထားပါသည်)

သို့ပါ၍ တရားကျင့်ကြံ အားထုတ် လိုသော ယောဂီသစ်များ အနေဖြင့် အောက်ပါ ဖုန်း နံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

🇸🇬 Singapore
☎️ +65 9736 4353 (WhatsApp)
☎️ +65 8341 9194

🇲🇾 Malaysia
☎️ +60 12345 8301

https://wa.me/60123458301


178

သာသနာတော်နှစ် ၂၅၆၉-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ် ခရစ်နှစ်- ၂၀၂၅-ခုနှစ် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊စက်ရုံရပ်ကွက်၊ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ (17.7.2025) မှ (7.8.2025) အထိ ကျင်းပပြုလုပ်နေသော ဝါတွင်းနာရီရှည် ရက်(၂၀) " အနိမိတ္တသမာဓိကျင့်စဉ် " တရားစခန်း မှတ်တမ်း


179

သာသနာတော်နှစ် ၂၅၆၉-ခု၊ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ်ဝါဆိုလပြည့်ကျော်(၈)ရက်နေ့ခရစ်နှစ်- ၂၀၂၅-ခုနှစ် (၇)လပိုင်း၊ (၁၇)ရက်၊ ကြာသပတေးနေ့မကွေးတိုင်းဒေသကြီး၊အောင်လံမြို့၊စက်ရုံရပ်ကွက်၊တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ (17.7.2025) မှ (7.8.2025) အထိ ကျင်းပပြုလုပ်နေသော ဝါတွင်းနာရီရှည် ရက်(၂၀) " အနိမိတ္တသမာဓိကျင့်စဉ် "တရားစခန်း ဖွင့်ပွဲမှတ်တမ်း
တရားစခန်းဝင်ဦးရေ (၂၈၇)ဦး
ရဟန်း (၅၈)ပါး
သီလရှင် (၁၁၆)ပါး
အမျိုးသားယောဂီ (၃၃)ဦး
အမျိုးသမီးယောဂီ (၈၀)ဦး


246