ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။


ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏ လမ်းညွှန်မှုဖြင့်

မဟာနာယက ဆရာတော် များဖြစ်ကြသော

အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) နှင့် အရှင်ဣန္ဒာစရိယ

တို့မှ ဦးစီး၍တိုက်ခွဲ အမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြု အဖွဲ့မှ

စီစဉ်ကျင်းပ​နေသည့် ယောဂီသစ် (၃) ရက်တာ အချိန်ပြည့် အဓိဋ္ဌာန် တရားစခန်း - မ​လေးရှား

🙏 ပထမ​နေ့ မှတ်တမ်း ဓါတ်ပုံများ 🙏
နေ့ရက် - 10 May 2025


119

မဟာနာယက ဆရာတော် အရှင်ဣန္ဒာစရိယမှ May 10~12 (၃) ရက် တရားစခန်းဝင်ကြမည့်် #ယောဂီသစ်များအား အထိုင်နှင့် အာနာပါနအရှုနည်းစနစ်တို့ကို ကိုယ်​တော်တိုင်သင်ကြားပြသ​ပေး၍ Malaysia Singapore ဌာနချုပ်မှ နာယကများ၊ တရား​ထောက်များ နှင့် သာသနာပြုအဖွဲ့ဝင်တို့အားလည်း ဩဝါဒ​ပေးချီးမြှင့်ခဲ့ပါသည်။May 10~12 (၃) ရက်တာ ယောဂီသစ်တရားစခန်းအတွက် အကြို​လေ့ကျင့်​ရေး နေ့ရက် - 08 May 2025 (Thursday)အချိန် - 7:00 PM to 10:00 PM နေရာ- MSH ဓမ္မာရုံ (High Street Centre) တ​နေ့တာ ဓမ္မာရုံ အခန်း အလှူရှင် - Dr. စိန်လွင် + Dr. ဆုစန္ဒာမင်း မိသားစုအဟာရဒါန အလှူရှင် - ဦးတင့်လွင် + ဒေါ်​ဌေး​ဌေးစူး၊ သမီး သီရိရတနာလွင် မိသားစု တရားထောက်နှင့်ဝေယျာဝစ္စကုသိုလ်အား MSH တရားထောက်အဖွဲ့နှင့်သာသနာပြုအဖွဲ့ဝင်များမှစုပေါင်းကုသိုလ်ပြုခဲ့ကြပါသည်။အလှူရှင် မိသားစုအပေါင်းတို့သည်ဆင်းရဲနှင့်ငရဲကင်း၍ ပစ္စုပ္ပန်ချမ်းသာ၊သံသရာချမ်းသာ၊နိဗ္ဗာန်ချမ်းသာတိုင်အောင် အကျိုးပေးနိုင်ကြောင်း အထောက်အပံ့ကောင်းသည် စင်စစ်မသွေ ဖြစ်ပါစေဤဆွမ်းပွဲနှင့်ဆက်စပ်သမျှ အလှူရှင်များကျန်းမာကြပါစေ၊ချမ်းသာကြပါစေလုပ်အားဒါန အလှူရှင်များ ကျန်းမာကြပါစေ၊ချမ်းသာကြပါစေအလှူရှင်များ ရေလိုအေး၍ပန်းလိုလန်းပါစေတရားထူးတရားမြတ်များရရှိကြပါစေ


112

🙏🌷🙏ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏လမ်းညွှန်မှူဖြင့် Malaysia တွင်ကျင်းပပြုလုပ်မည့် May 10~12 ယောဂီသစ် (၃) ရက်တာ #အချိန်ပြည့် အဓိဋ္ဌာန် တရားစခန်းအား ကိုယ်​တော်တိုင် ကြွ​ရောက်ကြီးမှူး​ ချီးမြှင့်ပေးပါ​သော ဆရာ​တော်ဘုရား နှင့် ဥပသကာများအား တပည့်​တော်တို့ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ်မှ အထူး​ပင်​ကျေးဇူးတင်ရှိပါသည် အရှင်ဘုရား 🙏🌷🙏

📆 07. May. 2025

✈️ Changi Airport 

⏰ ညနေ ၅ နာရီ ဝန်းကျင် 

#သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ  

Malaysia Singapore ဌာနချုပ် (MSH) 

သာသနာပြု အဖွဲ့


121