ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။


USA ယောဂီဟောင်းများ၏ လေ့ကျင့်ရေးစခန်း

တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူ ဝိပဿနာဌာနချုပ် USA မှကြီးမှူးသည့် ယောဂီသစ် နှင့် ယောဂီဟောင်း လေ့ကျင့်ရေးစခန်းကို နေ့စဉ် ည တိုင်း ကျင်းပပေးလျက်ရှိပါသည်။ ယောဂီသစ်များအတွက်လည်း အခြေခံအာနာပါနကျင့်စဉ်ကို 5,10,15 mins မှစ၍ တဦးချင်း zoom online မှ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
Zoom Online လေ့ကျင့်ရေးစခန်းသည် တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်မည့် စခန်းပွဲများ အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နိုင်သည့် အတွက် လွန်စွာ အထောက်အကူ ပြုပါသည်။
Contact (နေ့စဉ် online လေ့ကျင့်ရေး)
Thuthu @ (202) 841 4107


363 ကြည့်ရှုသူ
Admin

CNY 2025 ယောဂီသစ် (၁၀)ရက်အဓိဌာန် အထူးတရားစခန်း ဖွင့်ပွဲမှတ်တမ်း

သာသနာတော်နှစ် ၂၅၆၈-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၆-ခုနှစ် ပြာသိုလပြည့်ကျော် (၁၀)ရက်ခရစ်နှစ် (23.1.2025) ကြာသပတေးနေ့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ ဌာနချုပ် မလေးရှားနိုင်ငံ (ဂျိုဟိုး)၌ (23.1.2025) မှ (3.2.2025) အထိ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးဦးစီးကျင်းပသည့် CNY 2025 ယောဂီသစ် (၁၀)ရက်အဓိဌာန် အထူးတရားစခန်း ဖွင့်ပွဲမှတ်တမ်း
တရားစခန်းဝင်ယောဂီဦးရေ ( ၈၂ ) ဦး
အမျိုးသားယောဂီ(၂၂)ဦး
အမျိုးသမီးယောဂီ (၆၀)ဦး
စင်္ကာပူယောဂီ (၆၆)ဦး
ဂျပန်ယောဂီ (၁၃)ဦး
မလေးရှားယောဂီ (၂) ဦး
ဒူဘိုင်းယောဂီ (၁)ဦး


213 ကြည့်ရှုသူ
Admin

မလေးရှားနိုင်ငံ (ဂျိုဟိုး)တွင် စင်္ကာပူ သာသနာပြုအဖွဲ့မှ စီစဉ်ကျင်းပ ဖွင့်လှစ်ပေးသည့် 23-Jan 2025 - 03-Feb 2025 CNY 2025 ယောဂီသစ် (၁၀)ရက်အဓိဋ္ဌာန် အထူးတရားစခန်းပွဲ

တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ ဌာနချုပ် မလေးရှားနိုင်ငံ (ဂျိုဟိုး)တွင်
စင်္ကာပူ သာသနာပြုအဖွဲ့မှ စီစဉ်ကျင်းပ ဖွင့်လှစ်ပေးသည့် 23-Jan 2025 - 03-Feb 2025
CNY 2025 ယောဂီသစ် (၁၀)ရက်အဓိဋ္ဌာန် အထူးတရားစခန်းပွဲသို့ တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာကြီးများနှင့် သာသနာ့ပျိုးဥယျာဉ် ကျောင်းတိုက်ကြီး၏
ဦးစီးမူလ ပဓာန နာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ စင်္ကာပူ သာသနာပြုခရီးစဉ် ကြွရောက်


278 ကြည့်ရှုသူ
Admin