ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။


မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ အလျား ၂၀၀ပေ၊ အနံ ၉၀ပေ၊ ရှိသော ဆွမ်းစားဆောင် ဆောက်လုပ်နေမှု မှတ်တမ်း 🌸🌸🌸


31

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ အလျား ၁၉၄ပေ၊ အနံ ၁၇၁ပေ၊ ရှိသော နှစ်ထပ်ဓမ္မာရုံကြီး တည်ဆောက်နေမှု မှတ်တမ်း 🌸🌸🌸


24

သာသနာတော်နှစ် ၂၅၆၉-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ် နတ်တော်လဆန်း (၁၃)ရက်၊ခရစ်နှစ်- (2.12.2025) အင်္ဂါနေ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ အခြေခံ အာနာပါန level -2 စစ်ဆေးအောင်မြင်ပြီးသော ယောဂီများအတွက် (2.12.2025) မှ (13.12.2025) အထိ ကျင်းပပြုလုပ်နေသော (၁၀)ရက်အဓိဋ္ဌာန် တရားစခန်းဖွင့်ပွဲမှတ်တမ်း


191