ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။


Malaysia မှ ယောဂီသစ်များအတွက် အခြေခံ အာနာပါန ကျင့်စဉ် (၂) ရက်တာ အချိန်ပြည့် တရားစခန်း

🍀 (21.03.2026) မှ (22.03.2026) အထိ

🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏ ဥပနိဿယဖြင့် မဟာနာယက ဆရာတော် 🙏 အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) နှင့် 🙏 အရှင်ဣန္ဒာစရိယ ဆရာတော်များ၏ လမ်းညွှန်မှုအတိုင်း

တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြုအဖွဲ့ မှ စီစဉ်ကျင်းပမည့်

🍀 Level 1 A (5 min / 10 min / 30 min)
#ယောဂီသစ်များအတွက် အခြေခံ အာနာပါန ကျင့်စဉ်

🍀 ယောဂီသစ်များအတွက် (၂) ရက်တာ အဓိဋ္ဌာန် အချိန်ပြည့် တရားစခန်း ဖြစ်ပါသည်။

📆 နေ့ရက် - 21.03.2026 to 22.03.2026

အချိန် - ညအိပ်တရားစခန်းဖြစ်ပါသည်။

21.03.2026 - 7:00 AM တရားစခန်းအဝင်
22.03.2026 - 6:00 PM တရားစခန်းအထွက်

🏡 နေရာ - မလေးရှား-စင်္ကာပူ ဌာနချုပ်ရိပ်သာ

(လူဦးရေ ကန့်သတ်ထားပါသည်)

သို့ပါ၍ တရားကျင့်ကြံ အားထုတ်လိုသော ယောဂီသစ်များအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

🇸🇬 Singapore

☎️ 9736 4353 (🟢 WhatsApp Only)
☎️ +65 8907 0752

🇲🇾 Malaysia

☎️ +60 12345 8301


7

၁၀ ရက်စခန်းဝင်ပြီးသော ယောဂီဟောင်းများအတွက် ပထမအကြိမ်မြောက် ကျင်းပသော (၂) ရက်တာ အချိန်ပြည့် တရားစခန်း

🍀 (21.03.2026) မှ (22.03.2026) အထိ

🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏ ဥပနိဿယဖြင့် မဟာနာယက ဆရာတော် 🙏 အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) နှင့် 🙏 အရှင်ဣန္ဒာစရိယ ဆရာတော်များ၏ လမ်းညွှန်မှုအတိုင်း

တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြုအဖွဲ့ မှ စီစဉ်ကျင်းပမည့် 🍀 ပထမအကြိမ်မြောက် ကျင်းပသော (၂) ရက်တာ ညအိပ်တရားစခန်း ဖြစ်ပါသည်။

📆 နေ့ရက် - 21.03.2026 to 22.03.2026

အချိန် - ညအိပ်တရားစခန်းဖြစ်ပါသည်။

21.03.2026 - 7:00 AM တရားစခန်းအဝင်
22.03.2026 - 6:00 PM တရားစခန်းအထွက်

🏡 နေရာ - မလေးရှား-စင်္ကာပူ ဌာနချုပ်ရိပ်သာ

(လူဦးရေ ကန့်သတ်ထားပါသည်)

သို့ပါ၍ တရားကျင့်ကြံ အားထုတ်လိုသော ယောဂီဟောင်းများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

🇸🇬 Singapore

☎️ 9736 4353 (🟢 WhatsApp Only)
☎️ +65 8907 0752

🇲🇾 Malaysia

☎️ +60 12345 8301


12

🌅Malaysia (Johor Bahru) ဌာနချုပ် ရိပ်သာတွင် ကျင်းပမည့် အခြေခံ အာနာပါန ကျင့်စဥ် Level-2 စစ်ဆေးအောင်မြင်ပြီးသော ယောဂီများအတွက် စနစ်သစ် (၁၀) ရက်တာ အချိန်ပြည့် တရားစခန်း
(13 Feb to 24 Feb 2026)

🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုဖြင့် တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြု အဖွဲ့မှ စီစဉ်ကျင်းပမည် ဖြစ်ပါသည်။

🍀 Level 2 (စာအုပ်ရရှိပြီး) ယောဂီများသာ

📆 နေ့ရက် - 13 Feb 2026 to 24 Feb 2026

🏡 နေရာ - တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ မလေးရှား၊ စင်္ကာပူ ဌာနချုပ်ရိပ်သာ

#️⃣ ညအိပ်စခန်း — 13 Feb ည စခန်းအဝင်၊ 24 Feb မနက်အထွက် ဖြစ်ပါသည်။
#️⃣ စခန်းဝင် ယောဂီများ ၈ ပါးသီလ ဆောက်တည်ရပါမည်။
#️⃣ စခန်းဝင်ကြေး ကောက်ခံခြင်းမပြုပါ။
#️⃣ တင်ပလ္လင်ခွေ ထိုင်၍ တရားကျင့်နိုင်မည့် ကျန်းမာရေး ပြည့်စုံရမည်။
#️⃣ ဆရာသမား ညွှန်ကြားချက်ကို အပြည့်အဝ လေးစားလိုက်နာရမည်။
#️⃣ အဓိဋ္ဌာန် ရက်အပြည့် ဝင်ရောက်နိုင်ရမည်။
#️⃣ လူဦးရေ ကန့်သတ်ထားပါသည်။

သို့ပါ၍ တရားစခန်းဝင်လိုသော ယောဂီများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

📞 ဆက်သွယ်ရန်

🇸🇬 Singapore
☎️ +65 9736 4353 (WhatsApp)
☎️ +65 8907 0752

🇲🇾 Malaysia
☎️ +60 12345 8301


147