🌅Malaysia (Johor Bahru) ဌာနချုပ် ရိပ်သာတွင် ကျင်းပမည့် အခြေခံ အာနာပါန ကျင့်စဥ် Level-2 စစ်ဆေးအောင်မြင်ပြီးသော ယောဂီများအတွက် စနစ်သစ် (၁၀) ရက်တာ အချိန်ပြည့် တရားစခန်း
(13 Feb to 24 Feb 2026)

🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုဖြင့် တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြု အဖွဲ့မှ စီစဉ်ကျင်းပမည် ဖြစ်ပါသည်။

🍀 Level 2 (စာအုပ်ရရှိပြီး) ယောဂီများသာ

📆 နေ့ရက် - 13 Feb 2026 to 24 Feb 2026

🏡 နေရာ - တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ မလေးရှား၊ စင်္ကာပူ ဌာနချုပ်ရိပ်သာ

#️⃣ ညအိပ်စခန်း — 13 Feb ည စခန်းအဝင်၊ 24 Feb မနက်အထွက် ဖြစ်ပါသည်။
#️⃣ စခန်းဝင် ယောဂီများ ၈ ပါးသီလ ဆောက်တည်ရပါမည်။
#️⃣ စခန်းဝင်ကြေး ကောက်ခံခြင်းမပြုပါ။
#️⃣ တင်ပလ္လင်ခွေ ထိုင်၍ တရားကျင့်နိုင်မည့် ကျန်းမာရေး ပြည့်စုံရမည်။
#️⃣ ဆရာသမား ညွှန်ကြားချက်ကို အပြည့်အဝ လေးစားလိုက်နာရမည်။
#️⃣ အဓိဋ္ဌာန် ရက်အပြည့် ဝင်ရောက်နိုင်ရမည်။
#️⃣ လူဦးရေ ကန့်သတ်ထားပါသည်။

သို့ပါ၍ တရားစခန်းဝင်လိုသော ယောဂီများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

📞 ဆက်သွယ်ရန်

🇸🇬 Singapore
☎️ +65 9736 4353 (WhatsApp)
☎️ +65 8907 0752

🇲🇾 Malaysia
☎️ +60 12345 8301

logo
7