ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။
စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ
🙏ဖိတ်ကြားလွှာ🙏
တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာများနှင့်
သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်ကြီး၏
မူလ ပဓာန နာယက
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
ကျေးဇူတော်ရှင်
🌸🌹🙏အောင်လံဆရာတော်ဘုရားကြီး🙏🌹🌸အား
စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသဖြင့်
ယောဂီဟောင်းများနှင့်
ဓမ္မမိတ်ဆွေအပေါင်းတို့အား
အောက်ပါအစီအစဉ်အတိုင်းကြွရောက်ပါရန်
လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။🙏🙏🙏
🗓️🗓️နေရက် 10.7.2025 ကြာသာပတေးနေ့
⏰⏰အချိန် နေ့လည် (၁) နာရီ
🏕️🏕️နေရာ တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၊
စက်ရုံရပ်ကွက် ၊ အောင်လံမြို့
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူတော်ရှင် အောင်လံဆရာတော်ဘုရားကြီးအား စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသဖြင့် ယောဂီဟောင်းများနှင့်
ဓမ္မမိတ်ဆွေအပေါင်းတို့အား အောက်ပါအစီအစဉ်အတိုင်းကြွရောက်ပါရန်
လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေရက် ၂၈.၆.၂၀၂၅ စနေနေ့
အချိန် နံနက် (၈:၃၀) နာရီ
နေရာ တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ
ဝိပဿနာ ဓမ္မရိပ်သာ၊
ကုန်းတလဘောင် စံပြကျေးရွာ၊
မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ ၊ အောင်လံရိပ်သာကြီးတွင် (၁၇.၇.၂၀၂၅)ရက်မှ (၇.၈.၂၀၂၅)ရက်အထိ နာရီရှည်(ယောဂီသစ်)များအတွက် ရက်(၂၀) တရားစခန်းကျင်းပပါမည်။
(၂၀၂၀)ခုနှစ် Covid မတိုင်မီ တိုက်ခွဲ(၃၂)သဲအင်းဂူ ရန်ကုန်ဌာနချုပ် နှင့် အောင်လံဌာနချုပ်တို့တွင် နာရီရှည်တရားစခန်းဝင်ရန်အတွက် ယောဂီစာရင်းပေးသွင်းထားပြီးသူများအနေဖြင့် ယခု(၂၀၂၅)ခုနှစ် ၊ (၇)လပိုင်းတွင်ကျင်းပပြုလုပ်မည်ဖြစ်သော တရားစခန်းကို ဝင်ရောက်နိုင်ခြင်းရှိ/မရှိအား အောက်ဖော်ပြပါ နေ့ရက် ၊ အချိန်အတွင်း တယ်လီဖုန်းဖြင့်ဆက်သွယ်၍ confirm ပြုလုပ်ပေးကြပါရန် လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
၁။ အောင်လံရိပ်သာတွင် စာရင်းပေးထားသောယောဂီများအတွက် (၂၀.၆.၂၀၂၅) ရက်နေ့ ၊ နံနက် (၈:၀၀)နာရီတိတိ မှ နံနက် (၁၀:၀၀)နာရီတိတိ။နေ့လယ် (၁:၀၀)နာရီတိတိ မှ ညနေ (၆:၀၀)နာရီတိတိ။
၂။ ရန်ကုန်ရိပ်သာတွင် စာရင်းပေးထားသောယောဂီများအတွက် (၂၁.၆.၂၀၂၅) ရက်နေ့ ၊ နံနက် (၈:၀၀)နာရီတိတိ မှ နံနက် (၁၀:၀၀)နာရီတိတိနေ့လယ် (၁:၀၀)နာရီတိတိ မှ ညနေ (၆:၀၀)နာရီတိတိ အချိန်အတွင်း ဖုန်းနံပါတ် 09886666592 နှင့် 09886666594 များသို့ ဆက်သွယ်အကြောင်းကြားရပါမည်။
နာရီရှည်စခန်းဝင်မည့်ယောဂီများသည် -
(က) နာရီရှည်ထိုင်နိုင်သော ကျန်းမာရေးနှင့်ပြည့်စုံရပါမည်။
(ခ) ဝါဆိုရဟန်းသံဃာတော်များ ခွင့်မပြုပါ။
(ဂ) နာရီရှည်ဝင်ပြီးသော ယောဂီဟောင်းများ လက်မခံပါ။
(ဃ) ဩဝါဒခံရိပ်သာများဖြစ်သည့်
(၁)တောင်ကြီး - ဓမ္မအောင်လံရိပ်သာ
(၂)ကျောက်ပန်းတောင်း - နွဲ့ရိုးတောရရိပ်သာ
(၃)မြိုင် - နံ့သာမြိုင်ရိပ်သာ
(၄)ပဲခူးကျောက်တန်း - ဓမ္မရတနာရိပ်သာတို့တွင် ဝင်ရောက်အားထုတ်ထားပြီး ယောဂီမှတ်ပုံတင်စာအုပ်ရရှိထားပြီးသော ယောဂီများအား နာရီရှည်တရားစခန်း ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက ဆရာတော်ဥူးဣန္ဒာစရိယ 09450050128 သို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။