
ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ အလျား ၁၉၄ပေ၊ အနံ ၁၇၁ပေ၊ ရှိသော နှစ်ထပ်ဓမ္မာရုံကြီး တည်ဆောက်နေမှု မှတ်တမ်း

သာသနာတော်နှစ် ၂၅၆၉-ခု ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ် ဝါခေါင်လပြည့်ကျော်(၂)ရက်နေ့
ခရစ်နှစ်- ၂၀၂၅-ခုနှစ် (၈)လပိုင်း၊ (၁၀)ရက်၊ တနင်္ဂနွေနေ့ မနက် (၄)နာရီအချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊တရော်ကုန်းရပ်ကွက် ဆုတောင်းပြည့် ရွှေပြောင်ပြောင် စေတီတော်မြတ်ကြီး ဗုဒ္ဓရောင်တော်ဖွင့် ဆွမ်းလောင်းသင်း၌ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးနှင့် တပည့် ဒါယကာ၊ဒါယိကာမ အပေါင်းတို့မှ အောင်လံမြို့၌ ဝါဆို ဝါကပ်၍ သီတင်းသုံးတော်မူကြသော သံဃာတော် အရှင်သူမြတ်များအား သင်္ကန်းနှင့်တကွ အရုဏ်ဆွမ်း၊ ဆွမ်းဟင်းတို့ကို ဆက်ကပ်လောင်းလှူခဲ့ကြပါသည် ။

မကွေးတိုင်းဒေသကြီး၊အောင်လံမြို့၊စက်ရုံရပ်ကွက်၊တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သောအဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးအား တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ၏ဩဝါဒခံ ဝိပဿနာဓမ္မရိပ်သာများ ဖြစ်ကြသော
(၁)နွဲ့ရိုးတောရ ဓမ္မရိပ်သာ(ကျောက်ပန်းတောင်း)
(၂)ဓမ္မအောင်လံ ဓမ္မရိပ်သာ(တောင်ကြီး)
(၃)နံ့သာမြိုင်တောရ ဓမ္မရိပ်သာ(စစ်ကိုင်းနှင့်)
(၄)ဓမ္မရတနာ ဓမ္မရိပ်သာ (ပဲခူး)စသည့် သာသနာပြုအဖွဲ့များမှ ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေနှင့် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက် အလှူတော်ငွေတို့ကို ဆက်ကပ်လှူဒါန်းခြင်း မှတ်တမ်း