သာသနာတော်နှစ် ၂၅၆၉ ခု၊ကောဇာသက္ကရာဇ် ၁၃၈၇ ခု၊တန်ဆောင်မုန်းလဆန်း (၅)ရက်နေ့(25.10.2025) စနေနေ့ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ကုန်းတလဘောင်စံပြကျေးရွာ၊ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သောစုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနားမှတ်တမ်းပုံများ
Photo@မောင်ထော်(၃၂)
တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲ ကိုကျင်းပမည် ဖြစ်ပါသဖြင့် ယောဂီဟောင်းများနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့အား အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေရက် (25.10.2025)စနေနေ့အချိန် နံနက် (8:30) နေရာ တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၊ ကုန်းတလဘောင် စံပြကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
အလှူရှင် မိသားစုများမှ သင်္ကန်းအလှူ ဆေးပဒေသာပင်အလှူတော်ငွေ နဝကမ္မအလှူတော်ငွေနှင့်သာသနာ့ပျိုးဥယျာဉ်အလှူတော်ငွေတို့ကို သဒ္ဓါကြည်ဖြူစွာဖြင့် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
သာသနာတော်နှစ် ၂၅၆၉-ခု၊
ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ်
သီတင်းကျွတ်လပြည့်ကျော် (၁၀)ရက်
ခရစ်နှစ် (16.10.2025) ကြာသပတေးနေ့
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌
ကျင်းပပြုလုပ်ခဲ့သော
အလျား ၂၀၀ပေ၊ အနံ ၉၀ပေ၊ ရှိသော ဆွမ်းစားကျောင်းဆောင် ပန္နက်ရိုက်
မင်္ဂလာအခမ်းအနားမှတ်တမ်း
အလှူရှင်မှာ 🌸🌸🌸
ဖခင်ကြီးဦးတင်အေး+မိခင်ကြီးဒေါ်ကျင်စိန်တို့အား အမှူးထား ရည်စူး၍
သမီး - ဒေါ်သက်သက်မာ
RUBY LAND HOTEL မိသားစု ကောင်းမှု
သာသနာတော်နှစ် ၂၅၆၉ခု၊
ကောဇာသက္ကရာဇ် ၁၃၈၇၊ခု
သီတင်းကျွတ် လပြည့်ကျော် (၈)ရက်
(14.10.2025) အင်္ဂါနေ့
တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ(အောင်လံ) ၌ ကျင်းပပြုလုပ်ခဲ့သော
ကထိန် အလှူတော်နှင့် ပုနောပသမ္ပဒါ သိက္ခာထပ်ခြင်း အခမ်းအနားမှတ်တမ်း
သာသနာတော်နှစ် ၂၅၆၉ခု၊
ကောဇာသက္ကရာဇ် ၁၃၈၇ခု၊
သီတင်းကျွတ်လဆန်း(၁၄)ရက်
(5.10.2025) တနင်္ဂနွေနေ့ ည(၇)နာရီအချိန်
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊စက်ရုံရပ်ကွက်၊
တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ၌
(2.10.2025) မှ (6.10.2025) အထိ ကျင်းပပြုလုပ်ခဲ့သော
အခြေခံ အာနပါန (၂)နာရီ (၃)ရက်တာ Level 2 စစ်ဆေးခြင်း တရားစခန်းမှတ်တမ်း 🙏😌
တရားစခန်းဝင် ယောဂီဦးရေ (၁၀၉)ဦး
အမျိုးသား (၂၇)ဦး
သီလရှင် (၄)ပါး
အမျိုးသမီး (၇၈)ဦး
(၅)နာရီ (၃)ကြိမ် ဆက်ထိုင် ယောဂီဦးရေ (၇၅)ဦး
(၅)နာရီ (၂)ကြိမ် ဆက်ထိုင် ယောဂီဦးရေ (၃၀)ဦး
(၅)နာရီ (၁)ကြိမ် ဆက်ထိုင် ယောဂီဦးရေ (၄)ဦး
📣📣📣 အထူးတရားစခန်း ကြေငြာချက်
🇲🇾 Malaysia (Johor Bahru) တွင် ၈ကြိမ်မြောက် ကျင်းပမည့် #၅ရက် အထူးတရားစခန်း
🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ စန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏ လမ်းညွှန်မှုဖြင့်၊
နယကဆရာတော်များဖြစ်ကြသော
🙏 ဘဒ္ဒန္တ နရသီဟ 🙏 ဘဒ္ဒန္တ လောကိဿရ
တို့ကြီးမှုး ကျင်းပမည့် 🍀 Level 1 B/C ကျင့်ဆဲ ယောဂီများအတွက် (၅) ရက်အဓိဌာန် အထူးတရားစခန်း ဖြစ်ပါသည်။
📆 နေ့ရက်:
17-Oct-2025 (Friday ည စခန်းအဝင်) 22-Oct-2025 (Wednesday ည စခန်းသိမ်းအောင်ပွဲ)
🏡 နေရာ: မလေးရှား တရားထိုင်ခန်းမ (လူဦးရေပေါ်မူတည်၍ နေရာစီစဉ်ပြီး ထပ်မံကြေငြာပေးပါမည်။)
# လူဦးရေကန့်သတ်ထားပါသည်။ # စခန်းဝင်ယောဂီများ ၈ပါးသီလ ဆောက်တည်ရပါမည်။ # စခန်းဝင်ကြေး ကောက်ခံခြင်းမပြုပါ။
သို့ပါ၍ တရားကျင့်ကြံအားထုတ်လိုသော ယောဂီသစ်များအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
🇸🇬 Singapore
☎️ +65 9736 4353 (WhatsApp) ☎️ +65 8341 9194
🇲🇾 Malaysia
☎️ +60 12345 8301
...
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ အလျား ၁၉၄ပေ၊ အနံ ၁၇၁ပေ၊ ရှိသော နှစ်ထပ်ဓမ္မာရုံကြီး တည်ဆောက်နေမှု မှတ်တမ်း
သာသနာတော်နှစ် ၂၅၆၉-ခု ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ် ဝါခေါင်လပြည့်ကျော်(၂)ရက်နေ့
ခရစ်နှစ်- ၂၀၂၅-ခုနှစ် (၈)လပိုင်း၊ (၁၀)ရက်၊ တနင်္ဂနွေနေ့ မနက် (၄)နာရီအချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊တရော်ကုန်းရပ်ကွက် ဆုတောင်းပြည့် ရွှေပြောင်ပြောင် စေတီတော်မြတ်ကြီး ဗုဒ္ဓရောင်တော်ဖွင့် ဆွမ်းလောင်းသင်း၌ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးနှင့် တပည့် ဒါယကာ၊ဒါယိကာမ အပေါင်းတို့မှ အောင်လံမြို့၌ ဝါဆို ဝါကပ်၍ သီတင်းသုံးတော်မူကြသော သံဃာတော် အရှင်သူမြတ်များအား သင်္ကန်းနှင့်တကွ အရုဏ်ဆွမ်း၊ ဆွမ်းဟင်းတို့ကို ဆက်ကပ်လောင်းလှူခဲ့ကြပါသည် ။
မကွေးတိုင်းဒေသကြီး၊အောင်လံမြို့၊စက်ရုံရပ်ကွက်၊တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သောအဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးအား တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ၏ဩဝါဒခံ ဝိပဿနာဓမ္မရိပ်သာများ ဖြစ်ကြသော
(၁)နွဲ့ရိုးတောရ ဓမ္မရိပ်သာ(ကျောက်ပန်းတောင်း)
(၂)ဓမ္မအောင်လံ ဓမ္မရိပ်သာ(တောင်ကြီး)
(၃)နံ့သာမြိုင်တောရ ဓမ္မရိပ်သာ(စစ်ကိုင်းနှင့်)
(၄)ဓမ္မရတနာ ဓမ္မရိပ်သာ (ပဲခူး)စသည့် သာသနာပြုအဖွဲ့များမှ ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေနှင့် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက် အလှူတော်ငွေတို့ကို ဆက်ကပ်လှူဒါန်းခြင်း မှတ်တမ်း