မြတ်ဗုဒ္ဓ အမှန်တရားတော်


သဒ္ဓါဗိုလ်ဖြင့် တဏှာဗိုလ်ကို အနိုင်ယူသည့်ကျင့်စဉ်၊ ကာယိကဒုက္ခဝေဒနာအပေါ် သည်းမခံချင်သည့် ဒေါသကို သည်းခံခြင်း (အဒေါသ)ဖြင့်၊ တွေဝေသည့်မောဟကို စောင့်ရှုခြင်း (အမောဟ)ဖြင့်၊ ဖောက်ပြန်သည့် ရုပ်၊ ခံစားမှု ဝေဒနာ ရုပ်နာမ်ခန္ဓာကို ငါ့ကိုယ် ငါ့ဟာဟု ညှစ်ချုပ် ကုပ်တွယ် သိမ်းပိုက်လိုသည့် လောဘ တဏှာကို စွန့်လွှတ်ခြင်း (အလောဘ)ဖြင့် အစားထိုး ပယ်သတ်သည့်ကျင့်စဉ် တဏှာဘုရင်ကို မဟာပလ္လင်နဲ့ဖော်ထုတ် သဒ္ဓါ၊ ဝီရိယ၊သတိ၊သမာဓိလက်ဖြင့် ပညာတည်းဟူသော ဓားနှင့်ကိုင်ခုတ် လူမသေ တဏှာသေသည့်အလုပ်ကို မသေမီ ကြိုးစားအားထုတ်

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
ဘဒ္ဒန္တစန္ဒိမာ (အောင်လံဆရာတော်)


438

တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာများနှင့် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံ ဆရာတော်ဘုရားကြီးသည်စင်္ကာပူနိုင်ငံ၌ အလှူရှင်များမှ ဆက်ကပ်လှူဒါန်းကြသော နဝကမ္မအလှူတော်ငွေ သိန်း(၂၀၀၀)ကျပ်အား သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်အတွင်း ဆောက်လုပ်နေသော (နဂါးရုံကန်ဘုရား)အတွက် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက် ဦးစီးကော်မတီထံသို့ လှူဒါန်းခဲ့ပါသည်။


181

(23.3.2025) မှ (3.4.2025) အထိ မန္တလေး (၁၀)ရက်တရားစခန်း Level 2 စစ်ဆေးအောင်မြင်ပြီးသော ယောဂီများအတွက် ရည်ရွယ်ပါသည်။ (ယောဂီဦးရေ (၂၅၀) စာရင်းရပြီး)

(15.6.2025) မှ (26.6,2025) အထိ မန္တလေး အချောသပ် တရားစခန်းကိုဗစ်မတိုင်မီ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ရိပ်သာများ၌(၁၀)ရက်တရားစခန်း (၁)ကြိမ်ဝင်ထားပြီးသော (အထက်မြန်မာပြည်) ယောဂီဟောင်းများအတွက် ရည်ရွယ်ပါသည်။
(၂၀၁၉ ဝါတွင်း၌ စာရင်းကောက်ထားပြီးသော ယောဂီများ ပြန်လည်ဆက်သွယ်ပေးကြပါရန်) ဆက်သွယ်ရမည့် နေ့ရက်နှင့် ဖုန်းနံပါတ်ကို တရားစခန်းနီးလျှင် ကြေငြာပေးပါမည်။


248