ဖူးမျှော် ကြည်ညို နိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးအား(27-3-2025 မှ 1-4-2025) အထိ နေ့စဉ် (ညနေ 4:00 နာရီ မှ 5:00 နာရီ) အတွင်း တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ(မန္တလေး)ဆရာတော်စံကျောင်း၌ ဖူးမျှော် ကြည်ညို နိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

ရိပ်သာသို့ ဆရာတော်ဘုရားကြီးဖူးတွေ့ရန်လာသော ဓမ္မမိတ်ဆွေများအနေဖြင့်ဘောင်းဘီတို၊ ရှည်၊ စကပ်၊ လည်ဟိုက်၊ ကိုယ်ကျပ်၊ လက်တိုပြတ်၊ ဘေးကွဲ၊ ရှေ့ကွဲ၊ နောက်ကွဲ စသည့် မလျှော်ညီသော ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်မလာကြပါရန်ကြိုတင် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

logo logo logo
102 ကြည့်ရှုသူ
Admin