🌅Malaysia (Johor Bahru) ဌာနချုပ် ရိပ်သာတွင် ကျင်းပမည့် အခြေခံ အာနာပါန ကျင့်စဥ် Level-2 စစ်ဆေးအောင်မြင်ပြီးသော ယောဂီများအတွက် စနစ်သစ် (၁၀) ရက်တာ အချိန်ပြည့် တရားစခန်း
(13 Feb to 24 Feb 2026)

🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုဖြင့် တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြု အဖွဲ့မှ စီစဉ်ကျင်းပမည် ဖြစ်ပါသည်။

🍀 Level 2 (စာအုပ်ရရှိပြီး) ယောဂီများသာ

📆 နေ့ရက် - 13 Feb 2026 to 24 Feb 2026

🏡 နေရာ - တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ မလေးရှား၊ စင်္ကာပူ ဌာနချုပ်ရိပ်သာ

#️⃣ ညအိပ်စခန်း — 13 Feb ည စခန်းအဝင်၊ 24 Feb မနက်အထွက် ဖြစ်ပါသည်။
#️⃣ စခန်းဝင် ယောဂီများ ၈ ပါးသီလ ဆောက်တည်ရပါမည်။
#️⃣ စခန်းဝင်ကြေး ကောက်ခံခြင်းမပြုပါ။
#️⃣ တင်ပလ္လင်ခွေ ထိုင်၍ တရားကျင့်နိုင်မည့် ကျန်းမာရေး ပြည့်စုံရမည်။
#️⃣ ဆရာသမား ညွှန်ကြားချက်ကို အပြည့်အဝ လေးစားလိုက်နာရမည်။
#️⃣ အဓိဋ္ဌာန် ရက်အပြည့် ဝင်ရောက်နိုင်ရမည်။
#️⃣ လူဦးရေ ကန့်သတ်ထားပါသည်။

သို့ပါ၍ တရားစခန်းဝင်လိုသော ယောဂီများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

📞 ဆက်သွယ်ရန်

🇸🇬 Singapore
☎️ +65 9736 4353 (WhatsApp)
☎️ +65 8907 0752

🇲🇾 Malaysia
☎️ +60 12345 8301


6

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ အလျား ၂၀၀ပေ၊ အနံ ၉၀ပေ၊ ရှိသော ဆွမ်းစားဆောင် ဆောက်လုပ်နေမှု မှတ်တမ်း 🌸🌸🌸


70

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ အလျား ၁၉၄ပေ၊ အနံ ၁၇၁ပေ၊ ရှိသော နှစ်ထပ်ဓမ္မာရုံကြီး တည်ဆောက်နေမှု မှတ်တမ်း 🌸🌸🌸


46

သာသနာတော်နှစ် ၂၅၆၉-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ် နတ်တော်လဆန်း (၁၃)ရက်၊ခရစ်နှစ်- (2.12.2025) အင်္ဂါနေ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ အခြေခံ အာနာပါန level -2 စစ်ဆေးအောင်မြင်ပြီးသော ယောဂီများအတွက် (2.12.2025) မှ (13.12.2025) အထိ ကျင်းပပြုလုပ်နေသော (၁၀)ရက်အဓိဋ္ဌာန် တရားစခန်းဖွင့်ပွဲမှတ်တမ်း


221

သာသနာတော်နှစ် ၂၅၆၉ ခု၊ကောဇာသက္ကရာဇ် ၁၃၈၇ ခု၊တန်ဆောင်မုန်းလဆန်း (၅)ရက်နေ့(25.10.2025) စနေနေ့ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ကုန်းတလဘောင်စံပြကျေးရွာ၊ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သောစုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနားမှတ်တမ်းပုံများ

Photo@မောင်ထော်(၃၂)


180

တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲ ကိုကျင်းပမည် ဖြစ်ပါသဖြင့် ယောဂီဟောင်းများနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့အား အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေရက် (25.10.2025)စနေနေ့အချိန် နံနက် (8:30) နေရာ တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၊ ကုန်းတလဘောင် စံပြကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။


311

အလှူရှင် မိသားစုများမှ သင်္ကန်းအလှူ ဆေးပဒေသာပင်အလှူတော်ငွေ နဝကမ္မအလှူတော်ငွေနှင့်သာသနာ့ပျိုးဥယျာဉ်အလှူတော်ငွေတို့ကို သဒ္ဓါကြည်ဖြူစွာဖြင့် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။


257

သာသနာတော်နှစ် ၂၅၆၉-ခု၊

ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ်

သီတင်းကျွတ်လပြည့်ကျော် (၁၀)ရက်

ခရစ်နှစ် (16.10.2025) ကြာသပတေးနေ့

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌

ကျင်းပပြုလုပ်ခဲ့သော

အလျား ၂၀၀ပေ၊ အနံ ၉၀ပေ၊ ရှိသော ဆွမ်းစားကျောင်းဆောင် ပန္နက်ရိုက် 

မင်္ဂလာအခမ်းအနားမှတ်တမ်း

အလှူရှင်မှာ 🌸🌸🌸

ဖခင်ကြီးဦးတင်အေး+မိခင်ကြီးဒေါ်ကျင်စိန်တို့အား အမှူးထား ရည်စူး၍ 

သမီး - ဒေါ်သက်သက်မာ 

RUBY LAND HOTEL မိသားစု ကောင်းမှု 


230

သာသနာတော်နှစ် ၂၅၆၉ခု၊

ကောဇာသက္ကရာဇ် ၁၃၈၇၊ခု

သီတင်းကျွတ် လပြည့်ကျော် (၈)ရက်

(14.10.2025) အင်္ဂါနေ့

တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ(အောင်လံ) ၌ ကျင်းပပြုလုပ်ခဲ့သော

ကထိန် အလှူတော်နှင့် ပုနောပသမ္ပဒါ သိက္ခာထပ်ခြင်း အခမ်းအနားမှတ်တမ်း


147

သာသနာတော်နှစ် ၂၅၆၉ခု၊

ကောဇာသက္ကရာဇ် ၁၃၈၇ခု၊

သီတင်းကျွတ်လဆန်း(၁၄)ရက် 

(5.10.2025) တနင်္ဂနွေနေ့ ည(၇)နာရီအချိန်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊စက်ရုံရပ်ကွက်၊

တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ၌ 

(2.10.2025) မှ (6.10.2025) အထိ ကျင်းပပြုလုပ်ခဲ့သော

အခြေခံ အာနပါန (၂)နာရီ (၃)ရက်တာ Level 2 စစ်ဆေးခြင်း တရားစခန်းမှတ်တမ်း 🙏😌

တရားစခန်းဝင် ယောဂီဦးရေ (၁၀၉)ဦး 

အမျိုးသား (၂၇)ဦး 

သီလရှင် (၄)ပါး

အမျိုးသမီး (၇၈)ဦး 

(၅)နာရီ (၃)ကြိမ် ဆက်ထိုင် ယောဂီဦးရေ (၇၅)ဦး

(၅)နာရီ (၂)ကြိမ် ဆက်ထိုင် ယောဂီဦးရေ (၃၀)ဦး

(၅)နာရီ (၁)ကြိမ် ဆက်ထိုင် ယောဂီဦးရေ (၄)ဦး


213