cover
logo Malaysia(Johor) ဌာနချုပ်

🇲🇾 Malaysia (Johor Bahru) တွင် ကျင်းပမည့်

💐ယောဂီသစ် များအတွက် အခြေခံ အာနာပါန ကျင့်စဥ် တနေ့တာ နေ့တရားစခန်း (27. Jul. 2025)

🙏ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏ လမ်းညွှန်မှုဖြင့် မဟာနာယက ဆရာတော် 🙏အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) မှ ဦးစီး၍

တိုက်ခွဲ အမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြု အဖွဲ့မှ စီစဥ်ကျင်းပမည့်

🍀Level 1 A (30 min) ကျင့်ဆဲ #ယောဂီသစ် များနှင့် ယခုမှစကျင့်မည့် #ယောဂီသစ် များ အတွက် အခြေခံ အာနာပါန ကျင့်စဉ်

🍀ယောဂီသစ် တရက်တာ အဓိဋ္ဌာန် နေ့တရားစခန်းဖြစ်ပါသည်။

📆 နေ့ရက် - 27 July 2025

⏰ အချိန် - 8:00 AM ~ 7:00 PM (Johor Bahru)

🏡 နေရာ - #မလေးရှားတရားထိုင်ခန်းမနေရာအား လူဦးရေပေါ်မူတည်၍ နေရာစီစဉ်ပြီး ထပ်မံကြေငြာပေးပါမည်။

(#လူဦးရေကန့်သတ်ထားပါသည်)

သို့ပါ၍ တရားကျင့်ကြံ အားထုတ် လိုသော ယောဂီသစ်များ အနေဖြင့် အောက်ပါ ဖုန်း နံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

🇸🇬 Singapore
☎️+65 9736 4353 (WhatsApp)
☎️+65 8341 9194

🇲🇾 Malaysia
☎️+60 12345 8301


542

🙏🙏🙏ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး မွေးနေ့ပူဇာ အဖြစ်

တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ်မှ ဥပဌာကများ၊တရားထောက်များ၊ ယောဂီများနှင့် မိသားစုများမှ ဆရာတော်ကြီး၏ သာသနာပြု လုပ်ငန်းစဉ်များတွင် လိုအပ်သလိုအသုံးပြုနိုင်ရန်အတွက် နဝကမ္မအလှူတော်ငွေ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

🌹အလှူရှင် မိသားစုအပေါင်းတို့သည်🌹
ဆင်းရဲနှင့်ငရဲကင်း၍
ပစ္စုပ္ပန်ချမ်းသာ၊သံသရာချမ်းသာ
နိဗ္ဗာန်ချမ်းသာတိုင်အောင်
အကျိုးပေးနိုင်ကြောင်း အထောက်အပံ့ကောင်းသည်
စင်စစ်မသွေ ဖြစ်ပါစေ🙏🙏🙏


419

Malaysia ယောဂီသစ် (၃)ရက် အဓိဋ္ဌာန် အချိန်ပြည့်တရားစခန်း (10 May to 12 May)
စခန်းသိမ်းအောင်ပွဲ မှတ်တမ်း နှင့် အလှူရှင်များ စာရင်း

တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) မှ ကြီးမှူးကျင်းပသော ယောဂီသစ် (၃) ရက်အဓိဌာန် စခန်း 10 May မှ 12 May ထိ အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

🌿ဤတရားစခန်းပွဲ၌ မြတ်စွာဘုရားဘုရားအမှူထား၍ နည်းမှန် လမ်းမှန် ညွှန်ကြားပြသပေးတော်မူသော မေတ္တာ၊ ကရုဏာကြီးမားလှစွာသော
🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး


ရန်ကုန်ဌာနချုပ်မှ ကြွရောက် ကြီးမှူး စောင့်ရှောက်ပေးပါသော
🙏မဟာနာယက ဆရာတော် အရှင်ဣန္ဒာစရိယ နှင့် သာသနာပြုပုဂ္ဂိုလ်များ
တိုက် ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာတွင် သီတင်းသုံးလျက်ရှိကြသော
🙏 မဟာနာယက ဆရာတော်များ၊ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင် ဆရာကြီး၊ ဆရာလေး အပေါင်းတို့အား
တပည့်တော်တို့ တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြုအဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါသည် အရှင်ဘုရား 🙇‍♂️🙇‍♂️🙇‍♂️။

အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ရေသန့်၊ တရားခန်းမ နှင့် နဝကမ္မအလှူရှင် တို့နှင့်တကွ တရားထောက်များနှင့် ဝေယျာဝစ္စကုသိုလ်ရှင်အပေါင်းတို့အား ကျေးဇူးတင် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုအပ်ပါသည်။

နောက်နောင်တွင်လဲ Malaysia Singapore ဌာနချုပ်၏ သာသနာပြုလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ကုသိုလ်ယူကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါသည်။

အလှူရှင် မိသားစုအပေါင်းတို့သည် ဆင်းရဲနှင့်ငရဲကင်း၍ ပစ္စုပ္ပန်ချမ်းသာ၊ သံသရာချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတိုင်အောင် အကျိုးပေးနိုင်ကြောင်း အထောက်အပံ့ကောင်းသည် စင်စစ်မသွေ ဖြစ်ပါစေ။
ဤဆွမ်းပွဲနှင့်ဆက်စပ်သမျှ အလှူရှင်များ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။
လုပ်အားဒါန အလှူရှင်များ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ အလှူရှင်များ...


449