cover
logo အောင်လံ ဌာနချုပ်

သာသနာတော်နှစ် ၂၅၆၉-ခု ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ် ဝါခေါင်လပြည့်ကျော်(၂)ရက်နေ့

ခရစ်နှစ်- ၂၀၂၅-ခုနှစ် (၈)လပိုင်း၊ (၁၀)ရက်၊ တနင်္ဂနွေနေ့ မနက် (၄)နာရီအချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊တရော်ကုန်းရပ်ကွက် ဆုတောင်းပြည့် ရွှေပြောင်ပြောင် စေတီတော်မြတ်ကြီး ဗုဒ္ဓရောင်တော်ဖွင့် ဆွမ်းလောင်းသင်း၌ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးနှင့် တပည့် ဒါယကာ၊ဒါယိကာမ အပေါင်းတို့မှ အောင်လံမြို့၌ ဝါဆို ဝါကပ်၍ သီတင်းသုံးတော်မူကြသော သံဃာတော် အရှင်သူမြတ်များအား သင်္ကန်းနှင့်တကွ အရုဏ်ဆွမ်း၊ ဆွမ်းဟင်းတို့ကို ဆက်ကပ်လောင်းလှူခဲ့ကြပါသည် ။


480

မကွေးတိုင်းဒေသကြီး၊အောင်လံမြို့၊စက်ရုံရပ်ကွက်၊တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သောအဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးအား တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ၏ဩဝါဒခံ ဝိပဿနာဓမ္မရိပ်သာများ ဖြစ်ကြသော
(၁)နွဲ့ရိုးတောရ ဓမ္မရိပ်သာ(ကျောက်ပန်းတောင်း)
(၂)ဓမ္မအောင်လံ ဓမ္မရိပ်သာ(တောင်ကြီး)
(၃)နံ့သာမြိုင်တောရ ဓမ္မရိပ်သာ(စစ်ကိုင်းနှင့်)
(၄)ဓမ္မရတနာ ဓမ္မရိပ်သာ (ပဲခူး)စသည့် သာသနာပြုအဖွဲ့များမှ ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေနှင့် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက် အလှူတော်ငွေတို့ကို ဆက်ကပ်လှူဒါန်းခြင်း မှတ်တမ်း


571

သာသနာတော်နှစ် ၂၅၆၉-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ် ခရစ်နှစ်- ၂၀၂၅-ခုနှစ် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊စက်ရုံရပ်ကွက်၊ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ (17.7.2025) မှ (7.8.2025) အထိ ကျင်းပပြုလုပ်နေသော ဝါတွင်းနာရီရှည် ရက်(၂၀) " အနိမိတ္တသမာဓိကျင့်စဉ် " တရားစခန်း မှတ်တမ်း


497