
(29.3.2025) မှ (31.3.2025) အထိ တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာများ နှင့် သာသနာ့ ပျိုးဥယျာဉ်ကျောင်းတိုက်ကြီး၏ မူလ ဦးစီး ပဓာန နာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ စန္ဒိမာ (အောင်လံ ဆရာတော်ဘုရားကြီး) ၏ ဥပနိဿယဖြင့် တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာများ၏ မဟာနာယက ဆရာတော် အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) မှ ကြီးမှူး၍
အာနာပါန အခြေခံ ၅-မိနစ်၊ ၁၀-မိနစ်၊ ၁၅မိနစ်၊ နာရီဝက်မှသည် ၁-နာရီ၊ ၁နာရီခွဲ၊ ၂နာရီ အထိ အဆင့်ဆင့်ရှုမှတ်နည်းကိုနည်းစနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။ (#လူဦးရေကန့်သတ်ထားပါသည်) သို့ပါ၍ တရားကျင့်ကြံ အားထုတ် လိုသော ယောဂီ များ အနေဖြင့် အောက်ပါ ဖုန်း နံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။
🇸🇬 𝑺𝒊𝒏𝒈𝒂𝒑𝒐𝒓𝒆
☎️+65 9736 4353
☎️+65 8341 9194
🇲🇾 𝑴𝒂𝒍𝒂𝒚𝒔𝒊𝒂
☎️+60 12345 8301

သာသနာတော်နှစ် ၂၅၆၈-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၆-ခုနှစ်တပို့တွဲလပြည့်ကျော် (၁၃)ရက်နေ့ခရစ်နှစ်- (၂၅.၂.၂၀၂၅) အင်္ဂါနေ့ တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်ကလွင်ရပ်ကွက်၊ ရှားတောဝကျေးရွာ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌
(15.2.2025) မှ (26.2.2025) အထိ ကျင်းပပြုလုပ်ခဲ့သော အခြေခံ အာနာပါန level -2 လေ့ကျင့်စစ်ဆေးပြီးသော ယောဂီများအတွက် (၁၀)ရက်အဓိဋ္ဌာန် အထူးတရားစခန်း တရားစခန်းသိမ်း အောင်ပွဲမှတ်တမ်း

သဒ္ဓါဗိုလ်ဖြင့် တဏှာဗိုလ်ကို အနိုင်ယူသည့်ကျင့်စဉ်၊ ကာယိကဒုက္ခဝေဒနာအပေါ် သည်းမခံချင်သည့် ဒေါသကို သည်းခံခြင်း (အဒေါသ)ဖြင့်၊ တွေဝေသည့်မောဟကို စောင့်ရှုခြင်း (အမောဟ)ဖြင့်၊ ဖောက်ပြန်သည့် ရုပ်၊ ခံစားမှု ဝေဒနာ ရုပ်နာမ်ခန္ဓာကို ငါ့ကိုယ် ငါ့ဟာဟု ညှစ်ချုပ် ကုပ်တွယ် သိမ်းပိုက်လိုသည့် လောဘ တဏှာကို စွန့်လွှတ်ခြင်း (အလောဘ)ဖြင့် အစားထိုး ပယ်သတ်သည့်ကျင့်စဉ် တဏှာဘုရင်ကို မဟာပလ္လင်နဲ့ဖော်ထုတ် သဒ္ဓါ၊ ဝီရိယ၊သတိ၊သမာဓိလက်ဖြင့် ပညာတည်းဟူသော ဓားနှင့်ကိုင်ခုတ် လူမသေ တဏှာသေသည့်အလုပ်ကို မသေမီ ကြိုးစားအားထုတ်
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
ဘဒ္ဒန္တစန္ဒိမာ (အောင်လံဆရာတော်)

(23.3.2025) မှ (3.4.2025) အထိ မန္တလေး (၁၀)ရက်တရားစခန်း Level 2 စစ်ဆေးအောင်မြင်ပြီးသော ယောဂီများအတွက် ရည်ရွယ်ပါသည်။ (ယောဂီဦးရေ (၂၅၀) စာရင်းရပြီး)
(15.6.2025) မှ (26.6,2025) အထိ မန္တလေး အချောသပ် တရားစခန်းကိုဗစ်မတိုင်မီ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ရိပ်သာများ၌(၁၀)ရက်တရားစခန်း (၁)ကြိမ်ဝင်ထားပြီးသော (အထက်မြန်မာပြည်) ယောဂီဟောင်းများအတွက် ရည်ရွယ်ပါသည်။
(၂၀၁၉ ဝါတွင်း၌ စာရင်းကောက်ထားပြီးသော ယောဂီများ ပြန်လည်ဆက်သွယ်ပေးကြပါရန်) ဆက်သွယ်ရမည့် နေ့ရက်နှင့် ဖုန်းနံပါတ်ကို တရားစခန်းနီးလျှင် ကြေငြာပေးပါမည်။

(5.3.2025) မှ (16.3.2025 ) အထိ ရန်ကုန် အချောသပ် တရားစခန်းကိုဗစ်မတိုင်မီ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ရိပ်သာများ၌(၁၀)ရက်တရားစခန်း (၁)ကြိမ်ဝင်ထားပြီးသော (အောက်မြန်မာပြည်) ယောဂီဟောင်းများအတွက် ရည်ရွယ်ပါသည်။
ယောဂီဦးရေ (၃၀၀)သာ လက်ခံပါမည်။
(20.5.2025) မှ (31.5.2025) အထိ ရန်ကုန် အချောသပ် တရားစခန်း ကိုဗစ်မတိုင်မီ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ရိပ်သာများ၌(၁၀)ရက်တရားစခန်း (၁)ကြိမ်ဝင်ထားပြီးသော (အောက်မြန်မာပြည်) ယောဂီဟောင်းများအတွက် ရည်ရွယ်ပါသည်။ ယောဂီဦးရေ (၃၀၀)သာ လက်ခံပါမည်။
(15.2.2025) စနေနေ့ နံနက်(၈)နာရီအချိန်မှစ၍ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ပါသည်။
ရဟန်းနှင့်အမျိုးသားယောဂီ ဆက်သွယ်ရန်ဖုန်း
09-886666594 09-443219367
သီလရှင်နှင့်အမျိုးသမီးယောဂီ ဆက်သွယ်ရန်ဖုန်း
09-886666591 09-886666592 09-886666593

Sacramento အနီးတဝိုက်ရှိ ယောဂီများအတွက် အဓိဌာန် (၃) ရက် တရားစခန်းစာရင်းပေးသွင်းနိုင်ပါပြီ။
Registration: Please text
Thuthu @ (202) 841 4107
Thuthu’s FB Messenger

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးအား အောက်ပါအစီအစဥ် အတိုင်းလာရောက်၍ဖူးမျှော်ပြီး ဩဝါဒ တရား နာကြားနိုင်ရန် ဖိတ်ကြားအပ်ပါသည်။
အခမ်းအနား ကျင်းပမည့်ရက် :4th February 2025 Tuesday
အခမ်းအနား ကျင်းပမည့်အချိန် : ည(၇)နာရီ
အခမ်းအနား ကျင်းပမည့်နေရာ: Poh Ern Shih Temple 09 Chwee Chian Rd, Singapore 117488

တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူ ဝိပဿနာဌာနချုပ် USA မှကြီးမှူးသည့် ယောဂီသစ် နှင့် ယောဂီဟောင်း လေ့ကျင့်ရေးစခန်းကို နေ့စဉ် ည တိုင်း ကျင်းပပေးလျက်ရှိပါသည်။ ယောဂီသစ်များအတွက်လည်း အခြေခံအာနာပါနကျင့်စဉ်ကို 5,10,15 mins မှစ၍ တဦးချင်း zoom online မှ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
Zoom Online လေ့ကျင့်ရေးစခန်းသည် တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်မည့် စခန်းပွဲများ အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နိုင်သည့် အတွက် လွန်စွာ အထောက်အကူ ပြုပါသည်။
Contact (နေ့စဉ် online လေ့ကျင့်ရေး)
Thuthu @ (202) 841 4107

သာသနာတော်နှစ် ၂၅၆၈-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၆-ခုနှစ် ပြာသိုလပြည့်ကျော် (၁၀)ရက်ခရစ်နှစ် (23.1.2025) ကြာသပတေးနေ့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ ဌာနချုပ် မလေးရှားနိုင်ငံ (ဂျိုဟိုး)၌ (23.1.2025) မှ (3.2.2025) အထိ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးဦးစီးကျင်းပသည့် CNY 2025 ယောဂီသစ် (၁၀)ရက်အဓိဌာန် အထူးတရားစခန်း ဖွင့်ပွဲမှတ်တမ်း
တရားစခန်းဝင်ယောဂီဦးရေ ( ၈၂ ) ဦး
အမျိုးသားယောဂီ(၂၂)ဦး
အမျိုးသမီးယောဂီ (၆၀)ဦး
စင်္ကာပူယောဂီ (၆၆)ဦး
ဂျပန်ယောဂီ (၁၃)ဦး
မလေးရှားယောဂီ (၂) ဦး
ဒူဘိုင်းယောဂီ (၁)ဦး