ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။


Sacramento အနီးတဝိုက်ရှိ ယောဂီများအတွက် အဓိဌာန် (၃) ရက် တရားစခန်းစာရင်းပေးသွင်းနိုင်ပါပြီ။
Registration: Please text
Thuthu @ (202) 841 4107
Thuthu’s FB Messenger


449

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးအား အောက်ပါအစီအစဥ် အတိုင်းလာရောက်၍ဖူးမျှော်ပြီး  ဩဝါဒ တရား နာကြားနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

အခမ်းအနား ကျင်းပမည့်ရက် :4th February 2025 Tuesday
အခမ်းအနား ကျင်းပမည့်အချိန် : ည(၇)နာရီ
အခမ်းအနား ကျင်းပမည့်နေရာ: Poh Ern Shih Temple 09 Chwee Chian Rd, Singapore 117488


750

တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူ ဝိပဿနာဌာနချုပ် USA မှကြီးမှူးသည့် ယောဂီသစ် နှင့် ယောဂီဟောင်း လေ့ကျင့်ရေးစခန်းကို နေ့စဉ် ည တိုင်း ကျင်းပပေးလျက်ရှိပါသည်။ ယောဂီသစ်များအတွက်လည်း အခြေခံအာနာပါနကျင့်စဉ်ကို 5,10,15 mins မှစ၍ တဦးချင်း zoom online မှ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
Zoom Online လေ့ကျင့်ရေးစခန်းသည် တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်မည့် စခန်းပွဲများ အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နိုင်သည့် အတွက် လွန်စွာ အထောက်အကူ ပြုပါသည်။
Contact (နေ့စဉ် online လေ့ကျင့်ရေး)
Thuthu @ (202) 841 4107


632